ကျေးသီးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဆိုင်းဘုတ် စိုက်ထူပြီး “ဒို့အတူတူမဲပေး ကြမယ်” လက်ကမ်းစာစောင်ဖြန့်ဝေ
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်နိုင်ရန်ရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာ ရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း ပြည် သူအား အသိပညာပေးလှုံ့ဆော်သည့် အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်တွင် ကျေးသီးမြို့ လူစည်ကားရာနေ ရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။