ပြည်နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့များက မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် အကအလှများ ဖျော်ဖြေနိုင်ရေးနှင့် ယိမ်းအကများဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်လေ့ကျင့်
၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း လမ်းလျှောက်သင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ မော်လမြိုင်မြို့နယ်အတွင်း ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်များ ပြုလုပ်ဆောင်ရွက်ခြင်း၊ ရေကစားမဏ္ဍပ်များ ဆောင်ရွက်ခြင်း၊ စတုဒိသာကျွေးမွေးဆောင်ရွက်ခြင်းနှင့် နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရားတော်နာယူခြင်း သက်ကြီးဘိုးဘွားပူဇော်ခြင်းနှင့် ဇီဝိတဒါန ငါးလွှတ်ခြင်းများ ကျင်းပသွားမည်ဖြစ်သည်။