ကန်ကြီးထောင့်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ဒီဇယ်ဆီရောင်းချပေးနေမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြပ်မတ်

ကန်ကြီးထောင့် မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ဒီဇယ်ဆီ ရောင်းချပေးနေမှုအား မတ် ၃၀ ရက်နေ့နံနက်ပိုင်းက မြို့နယ်ရှိ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြပ်မတ်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်မှ အမှတ် ၃ ရပ်ကွက်၊ Xtra Power စက်သုံးဆီအရောင်းဆိုင်တွင် တောင်သူများအတွက် ဒီဇယ်ဆီများအား သတ်မှတ် ဈေးနှုန်းများဖြင့် ရောင်းချမှုရှိ/ မရှိ၊ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ၊ မရှိနှင့် မလိုလားအပ်သော နေရာများသို့ စက်သုံးဆီများ မရောက်ရှိစေရေး ကွင်းဆင်းစစ်ဆေးကြပ်မတ်ခဲ့ပြီး စက်သုံးဆီပြတ်လတ်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှုအစီအစဥ်များအား မိဘပြည်သူများထံ အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။ အလားတူမြို့နယ်အတွင်းရှိ တာဝန်ရှိသူများမှ အခြားသော စက်သုံးဆီအရောင်းဆိုင်များကိုလည်း ကွင်းဆင်းစစ်ဆေး ကြပ်မတ်လျက်ရှိပြီး တောင်သူများဆီသို့ ဆီရရှိမှုခွဲတမ်းအလိုက်ရောင်းချ‌ ပေးလျက်ရှိကြကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)