ဘားအံပညာရေးဒီဂရီကောလိပ်၏ လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၈/၂၀၂၂) သင်တန်းဆင်း

ပညာရေးဝန်ကြီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်၏ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာ သင်တန်း PPTT (၈/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။

မြန်အောင် နေခြည်စျေးအတွင်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်၍ အသိပညာပေးစစ်ဆေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် စျေးများတွင် ပလပ်စတစ်သုံးစွဲမှု လျော့ချရေးအတွက် အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က မြန်အောင် နေခြည်စျေးအတွင်း/အပြင် စျေးရောင်းစျေးဝယ်ပြည်သူများ ပလပ်စတစ်အိတ် မသုံးစွဲရေး အသိပညာပေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၁၃၈၄ ခုနှစ်၊ ဒွါဒသမအကြိမ်(၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၁၃၈၄ ခုနှစ်၊ ဒွါဒသမ အကြိမ်(၁၂)ကြိမ်မြောက်စုပေါင်း မဟာဘုံကထိန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

ကျောက်တလုံးကြီးမြို့တွင်  အခြေခံပန်းအလှထိုးနည်း သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် အခြေခံ  ပန်းအလှထိုးနည်း သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community   Centre) ခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီက ဖွင့်လှစ်ခဲ့သည်။

မိုင်းခတ်မြို့၌ အခြေခံပညာကျောင်းများ ဆောက်လုပ်နေမှုအ‌ခြေအနေအား ကွင်းဆင်း စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်‌ကျေးရွာအုပ်စုရှိ ကျိုင်းပင်း‌ကျေးရွာနှင့် နောင်ဖူကျေးရွာတို့တွင် အခြေခံပညာကျောင်း စာသင်ဆောင်များ အသစ်တည်ဆောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မိုင်းခတ်မြို့နယ် တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး(၂၅)နှစ်အောက် ဝူရှူး (ထောက်လု၊ ဆိုင်းဆို) အားကစားပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ကြီးမှူးကျင်းပသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၂၅)နှစ်အောက် ဝူရှူး(ထောက်လု၊ ဆိုင်းဆို) အားကစားပြိုင်ပွဲများကို(၁၃-၁၀-၂၀၂၂) မှ (၁၇-၁၀- ၂၀၂၂) ရက်နေ့အထိ မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည် ကြောင်းသိရသည်။

စလင်းမြို့နယ် အင်ကြင်းပင်လှကျေးရွာအုပ်စု ဂွင်ကျင်းကျေးရွာတွင် ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အင်ကြင်းပင်လှကျေးရွာအုပ်စု ဂွင်ကျင်းကျေးရွာရှိ ဒေသခံတောင်သူဖြစ်သည့် တောင်သူဦးကျော်မြင့် စိုက်ပျိုးထားရှိသည့် ပဲစင်းငုံစိုက်ခင်း ၄ ဧက စိုက်ပျိုးထားရှိရာ တောင်သူအနေဖြင့် ကြဲပက်စိုက်ပျိုးခြင်း၊ အတန်းလိုက် စိုက်ပျိုးခြင်းများဖြင့် စိုက်ပျိုးထားသည့် ပဲစင်းငုံစိုက်ခင်း အောင်မြင်ဖြစ်ထွန်းကြောင်းကို တောင်သူဦးကျော်မြင့်ထံမှ သိရသည်။

ပေါက်မြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီအချိန်က ပေါက်မြို့အခြေခံပညာ အထက်တန်းကျောင်း ဗိုလ်စကားခန်းမတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တောင်ကုတ်ခရိုင်ဒေသဖွံ့ဖြိုးရေးဆောင်ရွက် တောင်ကုတ်မြို့ရှိ ဖောင်တော်ဦးဘုရားတွင် ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်ဆက်ကပ် လှူဒါန်းခြင်းနှင့် မီးပုံးပျံအလုံး(၃၀၀) လွှတ်တင်ပူဇော်ပွဲသို့ တက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တောင်ကုတ်ခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပြီး တောင်ကုတ်မြို့ရှိ ဖောင်တော်ဦးဘုရားတွင် ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်ဆက်ကပ် လှူဒါန်းခြင်းနှင့် မီးပုံးပျံအလုံး(၃၀၀) လွှတ်တင်ပူဇော်ပွဲသို့ တက်ရောက်သည်။

တံတားဦးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် (၁၄၅၇၅)ဧက လျာထားပြီး (၁၃၇၅၈)ဧက စိုက်ပျိုးရာ ဖြစ်ထွန်းအောင်မြင်

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဆန်စပါးဖူလုံရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ မိုးစပါးစိုက်ပျိုးရာ (၁၄၅၇၅) ဧက စိုက်ပျိုးရန် လျာထားပြီး ယခုအခါ (၁၃၇၅၈)ဧက စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်းနှင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
Subscribe to