မန္တလေး အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ကြီးမှူးကျင်းပသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၂၅)နှစ်အောက် ဝူရှူး(ထောက်လု၊ ဆိုင်းဆို) အားကစားပြိုင်ပွဲများကို(၁၃-၁၀-၂၀၂၂) မှ (၁၇-၁၀- ၂၀၂၂) ရက်နေ့အထိ မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည် ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲအား တိုင်းနှင့်ပြည်နယ်(၁၅)ခုအနက် (၁၃)ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ (ပထမ၊ဒုတိယ၊တတိယ)ဆုရ အားကစားသမားများအား (ရွှေ၊ငွေ၊ကြေး)ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ဝူရှူး(ဆန်းဆို) အားကစားပြိုင်ပွဲတွင် ကီလိုတန်းအလိုက် ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ ထောက်လုအားကစားပြိုင်ပွဲတွင် (၃)မျိုးခွဲခြားထားပြီး (၁)နန်းချွမ် (၂)ချန်းချွမ် (၃)ထိုက်ချိချွမ်တို့ဖြစ်ပြီး နန်းချွမ်အမျိုးအစားထဲတွင် နန်းသောင်းဓား၊ နန်းကွန့်ဟူ၍ လည်းကောင်း၊ ချန်းချွမ်အမျိုးအစားထဲတွင် ချန်းစု၊ ကျန့်စု၊ သောင်းစု၊ ကွန့်စုဟူ၍လည်းကောင်း၊ ထိုက်ချိချွမ်အမျိုးထဲတွင် ထိုက်ချိကျန့်ဟူ၍ အမျိုးအစားများ ခွဲခြားသတ်မှတ် ပါဝင်ယှဉ်ပြိုင်စေပြီး ထောက်လုအမျိုးအစားပြိုင်ပွဲတွင် အားကစားသမားများအား ပထမ ရွှေ၊ ဒုတိယ ငွေ၊ တတိယ ကြေး တို့အား နေ့စဉ်ဆုများချီးမြှင့်ပေးအပ်ပြီး ဝူရှူး(ဆန်းဆို)အားကစားပြိုင်ပွဲသည် (၁၇-၁၀-၂၀၂၂) ရက်နေ့မှသာလျှင် တိုင်းနှင့်ပြည်နယ်(၁၃)ခုထဲမှ (ပထမ၊ ဒုတိယ၊ တတိယ)ဆုရ အားကစားသမားကျား(၇)ဦး၊ မ(၅)ဦးတို့အား ပထမ ရွှေ၊ ဒုတိယ ငွေ၊ တတိယ ကြေးဆုများ အသီးသီးချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိုး