ကျောက်တလုံးကြီး အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် အခြေခံ ပန်းအလှထိုးနည်း သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community Centre) ခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီက ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်က အခြေခံ ပန်းအလှထိုးသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ လူငယ်လူရွယ်များနှင့် စိတ်ပါဝင်စားသူများအား အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ အမျိုးသမီးများ လက်မှုအတတ်ပညာများကို အလွယ်တကူ သင်ယူတတ်မြောက်စေရန်၊ အိမ်တွင်းအလှ ဆင်ယင်တတ်စေရန်နှင့် တစ်နိုင်တစ်နိုင် အပိုဝင်ငွေတိုးစေရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပန်းအလှပြင်ဆင်ယင်ထိုးပုံများ၊ အရောင်အသွးတွဲစပ်မှုများကို စနစ်တကျ လက်တွေ့သင်ကြားပြသရာ Book Club အဖွဲ့ဝင်များနှင့် Youth Club အဖွဲ့ဝင်များတို့က စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြသည်။
အဆိုပါ ပန်းအလှထိုးနည်း သင်တန်းကို ဆရာမ ဒေါ်နန်းအုပ်ခမ်းက သင်ကြားပြသပေးပြီး သင်တန်းကာလမှာ အောက်တိုဘာ (၁၅)ရက်နေ့ မှ (၁၆)ရက်နေ့ထိ (၂)ရက်တာ သင်တန်းဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)