ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ Association of World Election Bodies (A-WEB) ၏ (၅) ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်ရန် တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့သို့ ထွက်ခွာ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့သည် တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့တွင် ကျင်းပမည့်   Association of World Election Bodies(AWEB) Bodies (A-WEB) ၏(၅) ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်ရန် လေကြောင်းခရီးစဉ်အမှတ် SQ 761 ဖြင့်ယနေ့နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။

မြောက်ဦးခရိုင် Community Center ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ယနေ့နေ့လယ် ၁၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။ 

ရုပ်ရှင်ဝန်ထမ်းဟောင်းများ လူမှုကူညီရေးအသင်း (မန္တလေး) ၏ တတိယအကြိမ် သက်ကြီးကန်တော့ပွဲကျင်းပ

ရုပ်ရှင်ဝန်ထမ်းဟောင်းများ လူမှုကူညီရေးအသင်း (မန္တလေး) ၏ တတိယအကြိမ် သက်ကြီးကန်တော့ပွဲကျင်းပ ချမ်းအေးသာစံ အောက်တိုဘာ ၁၆ ထိပ်ထားနိုင်

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဆောက်လုပ်နေသည့်နေရာအား ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ဆောက်လုပ်နေသည့် အခြေအနေအား အရည်အသွေးပြည့်မှီစေရေးနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံခရိုင်၊ မိုင်းယန်းခရိုင်နှင့် မက်မန်းခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ      

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းခရိုင်နှင့်မက်မန်းခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများလျာထား သတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အမ်းမြို့နယ်တပ်တောင်မြို့၌ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် တည်ဆောက်ရေးလုပ်ငန်းများအတွက် အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ် အမ်းခရိုင် တပ်တောင်မြို့၌၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခွင့်ပြုသည့် တပ်တောင်မြို့အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလ အချိန်မီပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ယနေ့နံနက်၉ နာရီ၃၀ အချိန် မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုသိမ်မြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းနှင့်  ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းက ဘုရားကြီးကုန်းကျေးရွာ၊ ဓမ္မဗိမာန်ဓမ္မာရုံး၌ ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့တွင် ထိုင်ဝမ်ကျောက်စီမ်းဖရဲသီး ရောင်းချသူများအဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့တွင် သဲတောမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များမှ ထွက်ရှိသော ထိုင်ဝမ်ကျောက်စိမ်းဖရဲသီးများအား သုံးဘီးဆိုင်ကယ်ဖြင့် တစ်ဆင့်ဝယ်ယူရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း ဖရဲသီးရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရသည်။
Subscribe to