ပေါက် အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီအချိန်က ပေါက်မြို့အခြေခံပညာ အထက်တန်းကျောင်း ဗိုလ်စကားခန်းမတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲတွင် ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌနှင့် ဒုမြို့နယ်တပ်ဖွဲ့မှူးတို့က သင်တန်းဆင်းအမှာစကားပြောကြားပြီး အ.ထ,က ကျောင်းသို့ ကြက်ခြေနီ ဆေးအိတ်များလှူဒါန်းရာ တာဝန်ရှိသူများမှ လက်ခံရယူသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်အောင်ကြည်က ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး တာဝန်ရှိသူများမှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့်သည်။ အဆိုပါသင်တန်းကို အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ အထိ (၃)ရက်တာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကိုရွှေယော(အညာမြေ)