မိုင်းခတ် အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်ကျေးရွာအုပ်စုရှိ ကျိုင်းပင်းကျေးရွာနှင့် နောင်ဖူကျေးရွာတို့တွင် အခြေခံပညာကျောင်း စာသင်ဆောင်များ အသစ်တည်ဆောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မိုင်းခတ်မြို့နယ် တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသစ်တည်ဆောက်လျက်ရှိသည့် စာသင်ဆောင်များသည် RCC တစ်ထပ် အမျိုးအစားဖြစ်ပြီး အလျား(၉၀) ပေ၊ အနံ(၃၀)ပေ အကျယ်ရှိကာ ခွင့်ပြုရန်ပုံငွေ (၁၂၃.၄)သန်းဖြင့် Aung Than Myanmar Co.,Ltd မှ တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ရာ လက်ရှိတွင် (၇၅)ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးလျက်ရှိကြောင်း သိရသည်။
မြို့နယ်