ထန်းတပင်မြို့နယ်၊ ရေပေါ်သောင်ကျေးရွာရှိ ဆင်းသုခမျိုးစပါးစံကွက်ရိတ်သိမ်း၊ တစ်ဧကတင်း (၁ဝဝ)နှုန်းခန့်ထွက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာတွင် တောင်သူများ စိုက်ပျိုးထားသည့် ဆင်းသုခမျိုးစပါးစိုက်ခင်း စပါးအထွက်နှုန်းများ သိရှိစေရန်အတွက် ယနေ့နံနက်ပိုင်းက စပါးချွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခဲ့ကြောင်းသိရသည်။

အင်းစိန်မြို့နယ်၌ မျိုးဆက်သစ်သတင်းစာဆရာနှင့် စာရေးဆရာများ ပေါ်ပေါက်ရေး ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (အင်းစိန်)နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း(အင်းစိန်)တို့ ပူးပေါင်းကျင်းပသော မျိုးဆက်သစ်သတင်းစာဆရာနှင့် စာရေးဆရာများ ပေါ်ပေါက်ရေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေးသင်တန်းပို့ချ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကွန်းတောင်ကျေးရွာ၊ အခြေခံပညာ မူလတန်း(လွန်)ကျောင်း၌ တောင်သူပညာပေးသင်တန်းပို့ချခြင်းကို ယမန်နေ့၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ၊ တောင်သူများ စိုက်ပျိုးနည်းပညာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သင်တန်း ပို့ချပေးခဲ့သည်။

ပခုက္ကူမြို့တွင် ကမ္ဘာ့လက်ဆေးရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လက်ဆေးရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ သိမ်တော်ရပ်၌ ယမန်နေ့က နံနက် ၁၀ နာရီက အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့သည်။

ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်၌ စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စုများအား ဆန်များထောက်ပံ့လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဝိဝေကာရာမကျောင်းတိုက် ဓမ္မာရုံတွင် ယမန်နေ့ညနေက ရပ်ကွက်အတွင်းမှ ပုံမှန်ဝင်ငွေမရှိသော စားဝတ်နေရေးခက်ခဲသည့် အိမ်ထောင်စု(၂၅၀)အား တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်းဖြင့် အလှူရှင်များမှ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

လဲချားတွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း အတတ်ပညာများပြည်သူလူထုအတွင်းသို့ ပျံ့နှံ့ရောက်ရှိစေရန်နှင့် မတော်တဆ ထိခိုက်မှုများမှ ကာကွယ်နိုင်စေရန် ရည်ရွယ်ပြီးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃)နာရီခွဲ အချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ပါသည်။

ကျောက်ဆည်မြို့နယ်၊ ရွှေလေးကျေးရွာတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ဘူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရွှေလေးကျေးရွာတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ဘူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချရပြီး မိသားစုအပိုဝင်ငွေရရှိသောကြောင့် စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့ဖြင့် မြန်​အောင်မြို့နယ် မြို့မတဲကြီးကုန်းကျေးရွာ အုပ်စုအတွင်း လုံခြုံ​ရေး၊ တရားဥပ​ဒေစိုးမိုး​ရေး၊ ရပ်ရွာအေးချမ်းသာယာ​ရေးနှင့်ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်​အောင်ခရိုင်၊ မြန်​အောင်မြို့နယ်အတွင်း လုံခြုံ​ရေး၊ တရားဥပ​ဒေစိုးမိုး​ရေး၊ ရပ်ရွာ​အေးချမ်းသာယာ​ရေး၊​  ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်​သော ကွင်းဆင်းအဖွဲ့(၁) စစ်​ကြောင်းကြီး(၅)​ ကြောင်းဖြင့် ယမန်နေ့ နေ့လည်က မြို့မတဲကြီးကုန်းကျေးရွာအုပ်စုအတွင်း ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ဖျာပုံမြို့ ဆိပ်ကမ်းသာစျေးတွင် ပလပ်စတစ်အစားထိုးသုံးစွဲရေး လိုက်လံအသိပညာပေး ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စျေးကော်မတီများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ပြည်သူများ ပလပ်စတစ်အိတ် သုံးစွဲခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေသောကြောင့် ပလပ်စတစ်အိတ်အစား အခြားအရာဝတ္ထုများဖြင့်

စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အငြိမ်းစားယူသွားကြသည့် ဆရာကြီး/ဆရာမကြီးများနှင့် ဆရာ၊ ဆရာမ ပညာရေးမိသားစုတို့ စုပေါင်း၍ တတိယအကြိမ်မြောက် ကထိန်အလှူပွဲ ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ အငြိမ်းစားယူသွားကြသည့် ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ ပညာရေးမိသားစုတို့၏ တတိယအကြိမ်မြောက် စုပေါင်း ကထိန်သင်္ကန်း ကပ်လှူခြင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to