အ-ထ-က(အင်္ဂပူ)ကျောင်းတွင် မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ငုရွှေဝါလမ်းရှိ အ-ထ-က(အင်္ဂပူ) ကျောင်းတွင် ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က Grade-8(A) ခန်းရှိ လျှပ်စစ်မီးပလပ်ခုံ မီးပွားကျရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရဿည်။

နတ်မောက်မြို့ဝန်းကျင်ရှိ အညာဒေသများတွင် တစ်နိုင်တစ်ပိုင် ဘူးသီးစိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အညာဒေသများတွင် ကျေးလက်နေပြည်သူများက စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန် ဘူးစိုက်ပျိုးရေးလုပ်ငန်းအား တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်း ဘူးစိုက်ပျိုးသူတစ်ဦးထံမှသိရသည်။

သာပေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား အချိန်ပိုသင်ကြားလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား အချိန်ပိုသင်ကြားလျက်ရှိသည့် ကျောင်းများသို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့က ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တောင်ကြီး အကျဉ်းထောင် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၁၀)နာရီက တောင်ကြီး အကျဉ်းထောင်အား သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်းတွင် မြေငှားဂရန်အတွက် လျှောက်ထားမြေနှင့်ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြေငှားဂရန်အတွက် လျှောက်ထားမြေနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ယမန်နေ့တွင် မုန်းလိုက်ကျေးရွာအုပ်စု၊ မုန်းလိုက်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ၄၆ ရာခိုင်နှုန်းခန့် ဖောက်လုပ်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ်မုန်တောကြီးကျေးရွာ၌  ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ၄၆ ရာခိုင်နှုန်းခန့် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။  

ဘူးသီးတောင်မြို့၌ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲစည်ကားသိုက် မြိုက်စွာကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့ပေါ်ကျောင်းထိုင်ဆရာတော်ကြီးများက ကြီးမှူးပြီး ဆွမ်းလောင်းလူငယ်များ၏ ပံ့ပိုးကူညီမှုများဖြင့် မြို့ပေါ်သံဃာတော်များစုပေါင်း၍ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့တစ်ပါတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကျောင်းကုန်းမြို့ စံပြကွက်ရိတ်သိမ်းမှု ကြည့်ရှုအားပေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ဆူးပဒေါင်း(မြောက်)ကွင်း၊ ဦးပိုင်အမှတ်၅၁/၃၊ ကွင်းအမှတ် ၃၈၅ A၊ ဧရိယာ ၃.၇၀တောင်သူ ဦးဝင်းမောင်၏ ဆင်းသုခမျိုးစပါး စံပြကွက် ရိတ်သိမ်းပွဲသို့ ယနေ့နံနက်၁ဝး၄၅ နာရီအချိန်ခန့် ရောက်ရှိခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်က စံပြစိုက်ကွက်စိုက်ပျိုးမှု သစ်စိမ်းမြေဩဇာ ထည့်သွင်းမှုတို့ကို မြေပုံနှင့်တကွ ရှင်းလင်းပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အမှတ်(၃)အအခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ် (စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မကွေးမြို့ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းဝန်းအတွင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ "မေတ္တာပါတဲ့ အတွေးများ" စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်‌ဆွေးနွေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေ ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့နှင့် မြို့နယ် စာရေးဆရာများ အသင်းတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်းက ဆရာမကြီး ခင်စောတင့်၏ "မေတ္တာပါတဲ့အတွေးများ" စာအုပ်အား ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြသည်။
Subscribe to