ဆိပ်ဖြူမြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့က ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ် ၁ / ၂၀၂၂ နှင့် ၂ / ၂၀၂၂ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီကကျင်းပသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းဝေးစေရေး ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့ရှိ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ် လုံခြုံရေး အစီအမံများအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိမှုအား ယနေ့ နံနက်(၁၀) နာရီမှစတင်၍ မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်မိုးယံရေးသားသည့် “လူငယ်နှင့် အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေး နွေးပွဲကို ယနေ့နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၊ ကလေးစာဖတ်ခန်း၌ အိမ်ဆောက်ဂိမ်းပြိုင်ပွဲ ကျင်းပ

မဟာအောင်မြေမြို့နယ်၊ ကလေးစာဖတ်ခန်း၌ ယ‌နေ့နံနက် (၁၁)နာရီအချိန်က အိမ်ဆောက်ဂိမ်းပြိုင်ပွဲ ကျင်းပခဲ့သည်။

ပန်းဘဲတန်းမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် စစ်ဆေးခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုးညှင်းမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း (၁/၂၀၂၂) ဖွင့်လှစ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာစခန်း(ဆွယ်)မှ ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း (၁/၂၀၂၂)ကို ယနေ့နံနက် (၉)နာရီခွဲက အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးမြို့ မြသလွန်စေတီတော်ဗုဒ္ဓပူဇနိယပွဲတော် ရိုးရာခြင်းလုံးအလှခတ်ဆပ်ကော်မတီမှ ကြီးမှူးကျင်းပသော သက်ကြီးပူဇော်ပွဲနှင့်ရိုးရာခြင်းလုံးအလှခတ်ပြပွဲကျင်းပ

မကွေးမြို့ မြသလွန်စေတီတော်ဗုဒ္ဓပူဇနိယပွဲတော် ရိုးရာခြင်းလုံးအလှခတ်ဆပ်ကော်မတီမှ ကြီးမှူးကျင်းပသော ရိုးရာခြင်းလုံးအလှခတ်ပြပွဲနှင့် သက်ကြီးပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က မကွေးမြို့၊ မြသလွန်ဘုရားကုန်းမြေ၊ သုဘောဂဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများကျင်းပပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ကျောင်းသား/သူလေးများ သီတင်းကျွတ်ကျောင်းပိတ်ရက် အားလပ်ချိန်တွင် ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့လာရောက်သည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to