ဒေးဒရဲ အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိမှုအား ယနေ့ နံနက်(၁၀) နာရီမှစတင်၍ မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်ပညာရေးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံထားရှိမှုများ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးခလုတ်များ သွယ်တန်းထားရှိမှုနှင့် ကြံ့ခိုင်မှုများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း