တွံတေးမြို့နယ်တွင် နေကြာစိုက်ပျိုးသွားမည့် တောင်သူများအား နေကြာမျိုးစေ့များ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း နေကြာစိုက်ပျိုးဧက လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် နေကြာစိုက်ပျိုးသွားမည့် ဒေသခံတောင်သူများထံသို့ နေကြာမျိုးစေ့များ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီမိနစ်၃၀ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမတွင် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်၊ ချမ်းသာလှဆုတောင်းပြည့်စေတီတော်တွင် သံဃာ့ဒါန စာရေးတံမဲနှင့်ဆွမ်းလောင်းလှူပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ချမ်းသာလှဆုတောင်းပြည့် စေတီတော်၏ နှစ်စဉ်ကျင်းပလျက်ရှိသည့် သံဃာ့ဒါနစာရေး တံမဲနှင့်ဆွမ်းလောင်းလှူပွဲကို ဓမ္မစကြာဝိမာနကျောင်းတိုက် အတွင်းရှိ ဘုရားရင်ပြင်တွင် ယနေ့နံနက် (၇) နာရီ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

တံတားဦးမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးချိန် ထွန် ၊ ထယ်ငှားလိုက်သူများအဆင်ပြေ

တံတားဦးမြို့နယ်တွင် ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် ယာမြေများ ထွန်ရေး၊ ထယ်ရေး ညက်စေရန် ထွန်၊ ထယ်များငှား၍ စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နေ့စားထွန်၊ ထယ်အငှားလိုက်သူများ မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် ၂/ ကရပ်ကွက်၌ အသက် (၁၅) နှစ်အောက် ကလေးများအား ဂျပန်ဦးနှောက်အမှေးရောင် ကာကွယ်ဆေးထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ၂/ ကရပ်ကွက် နှစ်ကျိပ် ရှစ်ဆူဓမ္မရုံ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၁၅)နှစ်အောက် ကလေးများအား ဂျပနဦးနှောက်အမှေးရောင် ကာကွယ်ဆေးများကို ယနေ့ နံနက်(၁၀) နာရီအချိန်က ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း (သစ်လေးလုံး)၊ ပုရွက်ဆိတ်ကုန်းကျေးရွာနှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ ထောက်ပံ့ငွေများပေးအပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ယမန်နေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများမှ စာရင်းများကောက်ခံပြီး ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး၊ အစိုးရဌာနအသီးသီးမှ ဝန်ထမ်းခေါ် ယူမှုကြော်ငြာများ၊ လျှောက်လွှာပုံစံများအား အများပြည်သူသိရှိနိုင်စေရန် ပြသပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊  မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး စာစောင်များနှင့် အစိုးရဌာနအသီးသီးမှ ဝန်ထမ်းခေါ်ယူမှုကြေငြာများ၊ လျှောက်လွှာပုံစံများအား ယနေ့မွန်းလွဲ ၁ နာရီက အများပြည်သူ သိရှိနိုင်စေရန် ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ရုံးတွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် အမှတ် (၁) ရပ်ကွက်၊ မာဃလမ်းရှိမြို့နယ် ကြက်‌ခြေနီအသင်းခွဲရုံးတွင် ဖွင့်လှစ်ခဲ့သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၊ ၆၂ လမ်းနှင့် သ(၁၂) လမ်းဆုံတို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီတွင် ၆၂ လမ်းနှင့် သ(၁၂) လမ်းဆုံရှိ လမ်းသွား၊ လမ်းလာပြည်သူများ၊ ဈေးဆိုင်များတွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Subscribe to