မိုးညှင်းမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း (၁/၂၀၂၂) ဖွင့်လှစ်

မိုးညှင်း အောက်တိုဘာ ၁၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာစခန်း(ဆွယ်)မှ ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း (၁/၂၀၂၂)ကို ယနေ့နံနက် (၉)နာရီခွဲက အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စက်မှုလယ်ယာဦးစီးမှူး ဦးကျော်တင့်က တောင်သူ လယ်သမားများကိုယ်တိုင် လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျ အသုံးချနိုင်စေရန် ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနမှ ယခုကဲ့သို့ တောင်သူပညာပေး အခြေခံသင်တန်းများကို မြို့နယ်အဆင့်ရုံးများမှ ဖွင့်လှစ်ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းအေးက သင်တန်းလက်စွဲစာအုပ်နှင့် သင်ရိုးမှတ်စုစာအုပ်များကို သင်တန်းသားအားလုံးအတွက် သင်တန်းသားတစ်ဦးအား ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှတောင်သူ (၃၀)ဦးကို အောက်တိုဘာ (၁၇)ရက်နေ့မှ (၂၈)ရက်နေ့ထိ နှစ်ပတ်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ရွှေမိုးညှင်း