ပန်းဘဲတန်းမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် စစ်ဆေးခြင်းများဆောင်ရွက်

ပန်းဘဲတန်း အောက်တိုဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာရဲက မြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စည်းကမ်းချက်များကို ယာဉ်မောင်းသူများ အပြည့်အဝလိုက်နာ ဆောင်ရွက်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ဝင်များက ပန်းဘဲတန်း မြို့နယ်အတွင်းရှိ လူစည်ကားရာလမ်းဆုံများတွင် ယာဉ်မောင်းသူများ အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ မောင်နှင်းဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

ဒေါ်ဦးဆန်းကြည်