မဟာအောင်မြေမြို့နယ်၊ ကလေးစာဖတ်ခန်း၌ အိမ်ဆောက်ဂိမ်းပြိုင်ပွဲ ကျင်းပ

မဟာအောင်‌မြေ အောက်တိုဘာ ၁၇

မဟာအောင်မြေမြို့နယ်၊ ကလေးစာဖတ်ခန်း၌ ယ‌နေ့နံနက် (၁၁)နာရီအချိန်က အိမ်ဆောက်ဂိမ်းပြိုင်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီး အရာရှိ ဦးဘိုဘိုဟန်က ကလေးသူငယ် ကျောင်းသား/ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေး သွက်လက်ထက်မြက်စေရန်၊ မိမိလုပ်ကိုင်သောလုပ်ငန်းအပေါ် သပ်သပ်ရပ်ရပ်လုပ်ကိုင်ဆောင်ရွက်တတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ် ကြောင်း ပြောကြားခဲ့ပြီး အိမ်ဆောက်ဂိမ်း ပြိုင်ပွဲကျင်းပရာ ကလေးသူငယ်ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာပါဝင်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးဆောက်လုပ်နိုင်သော ဆုရကျောင်းသား/သူများအား ဒုတိယဦးစီးမှူး ဦးညီဝင်း သူက အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း