ပင်လောင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်များနှင့် နှစ်နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင်  လူမှုဝန် ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် ပထမသုံးလပတ် ဧပြီ၊ ​မေ၊ ဇွန်လအတွက် အကျုံးဝင်​သည့် ကိုယ်ဝန်ဆောင်များနှင့် နှစ်နှစ်အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေများ  ဆက်လက်ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အိမ်တိုင်ရာရောက် ထောက်ပံ့ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်တာဝန်ရှိသူများက စစ်ပင်တောင်ရပ်ကွက်အတွင်းရှိ အဘိုး၊ အဘွားများထံ ယနေ့နံနက်ပိုင်းက လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ် စမ်းကြီး‌ကျေးရွာနှင့် ဂွေးကုန်းကျေးရွာတို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုး‌ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်း များပါဝင် သောစစ်ကြောင်း ကြီး (၅) ကြောင်းဖြင့် ကွင်းဆင်း ဆောင်ရွက်

လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁)က ကြီးကြပ် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ယမန်နေ့ နေ့လည်ပိုင်းတို့တွင် မော်လမြိုင်မြို့နယ်၊‌ စမ်းကြီးကျေးရာနှင့် ဂွေးကုန်းကျေးရွာများသို့ ကွင်းဆင်း၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသနေပြည်သူများနှင့် တွေ့ ဆုံဆွေးနွေးခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်တွင် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့်‌ ရောင်းချ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်  ယနေ့နံနက်(၈:၃၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ ဝေနေယျသုခဓမ္မာရုံတွင် အခြေခံစားသောက်ကုန် ဆန်၊ ဆီ ကြက်ဥများအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြောက်(၄၅)ရပ်ကွက်၌ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများ ဒုတိယအကြိမ် ဆက်လက်ရောင်းချ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်အတွင်းပြည်သူများ အတွက်အခြေခံစားသောက် ပစ္စည်းများကို ၎င်းရပ်ကွက်နေပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ မြေတိုင်းလမ်းနှင့် နေကြာလမ်းထောင့်ရှိ (၄၅)ရပ်ကွက် ကရုဏာနာရေးကူညီမှုအသင်းရုံး‌ရှေ့တွင် ယနေ့ နံနက်(၈)နာရီက ဒုတိယအကြိမ် ဆက်လက်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့နယ် (Community Centre) တွင် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ တွင် ကျောင်းသား/သူများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ

စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် ၁၀:၀၀နာရီက Book Club အဖွဲ့ဝင်များနှင့် စာရေးဆရာကျော့မောင်(မင်္ဂလာတောင်ညွန့်)ရေးသားသည့် ပျော်နိုင်အောင်နေ ကိုယ့်လူရေ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်၊

တန့်ယန်းမြို့နယ် အမှတ်(၆)ရပ်ကွက် ဝိန်းလောင်းဘုန်းတော်ကြီးကျောင်း စုပေါင်းဘုံကထိန်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ် အမှတ်(၆)ရပ်ကွက် ဝိန်းလောင်းဘုန်းတော်ကြီးကျောင်း စုပေါင်းဘုံကထိန်ပွဲကြီးကို ရပ်ကွက်အတွင်းရှိ ဗုဒ္ဓဘာသာဝင် ဒေသခံပြည်သူများနှင့် စေတနာရှင်ပြည်သူများ စုပေါင်းကာ ယနေ့နံနက်က ကျင်းပခဲ့သည်။

သထုံမြို့နယ်တွင် ကလေးအလုပ်သမားပ‌ပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဌာနတို့ ပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to