ကျိုက်ဒုံမြို့၊လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းပြုလုပ်

ကျိုက်ဒုံ အောက်တိုဘာ ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အောက်တိုဘာလ ၁၇ ရက် နေ့လည် ၁၂ နာရီအချိန်က စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်က စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေ ရန်နှင့် စာပေမှရရှိသည့်ဗဟုသုတ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းကျင်းပ ပြုလုပ် ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထိုနောက် ကျိုက်ဒုံမြို့(ပြန်/ဆက်)ဦးစီးမှူးမှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသော ''စာပေတာဝန်''စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာအုပ်စာပေ ချစ်မြတ်နိုး သူများအသင်း(Book Club)အဖွဲ့ဝင်ဇော်ဝင်းဦးမှ စာဖတ်ခြင်းဖြင့် ကြီးမြင့်ကြပါကုန်၊ စာဖတ်လို့ပျော်ကြတယ်၊ နန်းအေးအေးချိုမှပေးဆပ်ရတာ ပျော်စရာ၊ ရသစာပေရှင်သန်ပါစေစသည့် စာအုပ်ပါ အကြောင်းအရာခေါင်းစဥ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင် (ကျိုက်ဒုံ)ပြန်/ဆက်