ပြည်ကြီးမဏ္ဍိုင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာအုပ်စာစောင်ပြပွဲနှင့်ဘောလုံးပစ်ပြိုင်ပွဲဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင်  အောက်တိုဘာ  ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား၊ကျောင်းသူများစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာကြည့်တိုက် အားအကျိုး ရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲနှင့် ဘောလုံးပစ် ပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ကျောင်းသား၊ ကျောင်းသူများစာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာ ဗဟုသုတများ  တိုးပွားလာစေရန်နှင့်  အာရုံစူးစိုက်  လေ့လာမှုရှိစေရန် ရည်ရွယ်၍  စာအုပ်စာစောင်ပြပွဲအား ဆောင်ရွက်ရခြင်းဖြစ်‌ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ကလေးစာဖတ်ခန်းတွင် ဘောလုံးပစ်ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ အ.လ.က (ပြည်ကြီးမဏ္ဍိုင်) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၆) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကလေးငယ်များအား ဆုများ အသီးသီးချီး မြှင့်ခဲ့ကြောင်း သိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)