မူဆယ်မြို့တွင်  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီး အခမ်းအနားပြုလုပ်

မူဆယ် အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်(မြေကွက်လပ်တွင်)ယနေ့နံနက် ၁၀ နာရီအချိန်က ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့နှင့် အမှတ်(၂၂)မှ မူးယစ်တပ်ဖွဲ့စုမှ ထိန်းချုပ်ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားကို မူဆယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှချို ဦးဆောင်၍ ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး ပြုလုပ်ခဲ့သည်။

အဆိုပါ မီးရှို့ဖျက်ဆီးရာတွင်  Sodium Ethoxide (၆၃၉၉.၉၆၈) ကီလို၊ အဖြူရောင်မှုန့် (၃၉၉.၉၉၈) ကီလို၊ Acetic acid sodium (၁၄၉၉.၉၉၅) ကီလို၊ Acetic acid(၂၈.၅)လီတာ၊ အက်စီ အက်စစ်အရည်(၁၅၉၉.၈၅) လီတာ၊  Tartaric acid (၇၄၉.၉၈၅) ကီလို၊ Theophyline (၁၁၄၉၉.၀၈) ကီလို၊ အရိုးမီးသွေး (၉၉၉.၉၂) ကီလို၊ Dimethyl Carbonate  (၂၃၉၉.၅၈) လီတာ၊ Phosphoric Acid (၆၃၉.၂) လီတာ၊ Sodium Cyanide (၁၆၅၉၉.၈၃၄) ကီလို၊ potassium Phosphate (၁၅၉.၉၈၄) ကီလို၊ ဟိုက်ဒိုကလိုရစ်အက်စစ် (၃၁၉၉.၆)လီတာ၊ အီတိုင်းအီသာ(၇၁၉၉.၁)လီတာ၊ Sodium Cyanide (၂၄၂၄၉.၇၅၇၅) ကီလိုစုစုပေါင်းကာလတန်ဖိုး (၄၀၇၂၁၇၇၈၁)ကျပ်  မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းမီးရှို့ဖျက်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှချို၊ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ကျော်ဇော်၊ သတင်းရဲတပ်ဖွဲ့ ဒုတိယရဲမှူးကောင်းသန့်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်နိုင်ဦး၊ မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဦးမျိုးမင်းထွန်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုဦးစီးမှူး ဦးစိုးမြင့်အောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဒုဦးစီးမှူး ဦးကောင်းမြတ်၊ သစ်တောဦးစီးဌာန တောအုပ်ဦးကျော်ဇေယျ၊ အမှတ်(၂၂) မူးယစ်တပ်ဖွဲ့စုမှူးရဲမှူး ထွန်းထွန်းဦး၊ မူဆယ်မြို့မရဲစခန်းမှူး ဒုတိယရဲမှူးသိန်းလွင်၊ မူဆယ်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)