မိုင်းပန်မြို့နယ် အခြေခံပညာမူလတန်းကျောင်း(ဟိုဖိုင်လုံ)၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

မိုင်းပန် အောက်တိုဘာ ၁၉

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာမူလတန်းကျောင်း(ဟိုဖိုင်လုံ)ရှိကျောင်းသား/သူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများရှိစေရန်၊ စာအုပ်စာပေကို ချစ်မြတ်နိူးတန်ဖိုးထားတတ်စေရန်အတွက် ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

​ထိုသို့ဆောင်ရွက်ရာတွင် မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းအေးအေးအောင်က ကျောင်းသား/သူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အသိပညာဗဟုသုတရရှိစေရန်နှင့် တစ်ခါသုံးပလတ်စတစ်၏ ဆိုးကျိုးများအကြောင်းကို ဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား/သူများအားပုံပြင်များဖတ်ပြခြင်းနှင့် စာအုပ်များငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ပလတ်စတစ်အသုံးပြုမှုအလျှော့ချရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ရာကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

​​​မိုင်းပန်(ပြန်/ဆက်)