အခြေခံစား‌ကုန်နှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ဘုတ်ပြင်း  အောက်တိုဘာ  ၁၉


တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ မြို့အဝင်လမ်းဆုံနေရာတွင် ယနေ့နံနက်က ဘုတ်ပြင်းတပ်နယ်မှ အခြေခံစားကုန်နှင့်ဟင်းသီးဟင်ရွက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
အခြေခံစား သောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ငရုတ်သီး‌ခြောက်၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ ကြက်ဥနှင့်ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပြီး
  ဌာနဝန်ထမ်းများနှင် မိသားစုဝင်များ၊ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်းသိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်များဈေးနှုန်းထက် ဈေးနှုန်းသက်သာသည့် အခြေခံစာသုံးဆီနှင့် လတ်ဆတ်သည့် မွေးမြူရေးခြံထွက်ကြက်ဥများ ကိုထပ်မံရောင်းချပေးရန် မျှော့်လင်လျက်ရှိကြောင်း "ဆန်(၁)ပြည်(၁၅၀၀/)နှုန်း၊ဆီ(၁)ပိဿာကို ကျပ် (၇၀၀၀/)နှုန်း၊ ကြက်သွန်နီ(၁)ပိဿာ ကျပ်(၃၇၀၀/)နှုန်း၊ ကြက်သွန်ဖြူ(၁)ပိဿာကျပ်(၄၀၀၀/) နှုန်းနှင့် ကြက်ဥ(၁)လုံး ကို ကျပ် (၂၂၀/) နှုန်းတို့ဖြင့်‌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဖြူဖြူသိန်း(ပြန်/ဆက်)