သီပေါမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်က စာပေချစ်မြတ်နိုးသူများအသင်း(Book Club)၊ အမျိုးသမီးအသင်း(Women Club)နှင့် လူငယ်အသင်း(Youth Club)တို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းခြင်းကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနက၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးတစ်ဧကတင်း ၁၀၀ အထွက်နှုန်းရရှိရေး ၈၀ ဧကစံပြကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်(၉)နာရီက မင်းလွင်ကုန်းကျေးရွာအုပ်စုကွင်းအမှတ်(၁၀၁၇/ခ) တောင်သူဒေါ်ဇာခြည်စိုး၏လယ်၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)ကျင်းပ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)ကို ယမန်နေ့နေ့လယ် ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒဂုံမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူများ စာပေဗဟုသုတတိုးပွားပြီး စာဖတ်သည့်အလေ့အထများဖြစ်ပေါ်လာစေရန် အတွက်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက  အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရသေ့တောင်မြို့၌ အဝေးသင်စာမေးပွဲဖြေဆိုပြီး ကျောင်းသား၊ ကျောင်းသူများ ပြန်လည်ရောက်ရှိ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှ စစ်တွေတက္ကသိုလ်အဝေးသင်ဌာနသို့ တတိယနှစ်အဝေးသင်စာမေးပွဲသို့ သွားရောက် ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ ခန့်က

အလုံမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ဆက်လက်ရောင်းချ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ်ဆင်မင်းရပ်ကွက်၊ သိပ္ပံလမ်းဓမ္မာရုံရှေ့၌ ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) စကားပုံဆက်ပြိူင်ပွဲ၊ Memory Game ပြိုင်ပွဲဆောင်ရွက်

ကျောင်းသား၊ လူငယ်များ မြန်မာ့ရိုးရာစကားပုံများကို သိရှိတန်ဖိုးထားတတ်စေရန်နှင့် မှတ်ဉာဏ်စွမ်းရည် တိုးတက်လာစေရန်အတွက် ရည်ရွယ်ကာ အလုံ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ယနေ့ နံနက် ၁၀ နာရီက စကားပုံဆက်ပြိုင်ပွဲနှင့် Memoery Game ပြိုင်ပွဲကို ကျင်းပဆောင်ရွက်ကြောင်း သိရသည်။

လမ်းမတော်မြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင်တွင် မြတ်မော်တင်စွန်းဘုရား ဘက်စုံပြုပြင်ရန်နှင့်  ​စူဋ္ဌဘွဲ့နှင်းသဘင် အခမ်းအနားအတွက် အလှူငွေပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ​မြောင်းမြခရိုင်၊ မြောင်းမြမြိ၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြတ်မော်တင်စွန်းဘုရား ဘက်စုံပြုပြင်ရန်အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မဈေးကြီးရှေ့၊ ဈေးဆိုင်ခန်းများအား မြေပြင် ကွင်းဆင်း စစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မစည်ပင်သာယာဈေးကြီးရှေ့၊ ဈေးဆိုင်ခန်းများအား ယမန်နေ့ နံနက်၁၀နာရီအချိန်က မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
Subscribe to