အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) စကားပုံဆက်ပြိူင်ပွဲ၊ Memory Game ပြိုင်ပွဲဆောင်ရွက်

အလုံ အောက်တိုဘာလ ၂

ကျောင်းသား၊ လူငယ်များ မြန်မာ့ရိုးရာစကားပုံများကို သိရှိတန်ဖိုးထားတတ်စေရန်နှင့်  မှတ်ဉာဏ်စွမ်းရည် တိုးတက်လာစေရန်အတွက် ရည်ရွယ်ကာ အလုံ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၁၀ နာရီက စကားပုံဆက်ပြိုင်ပွဲနှင့် Memory Game ပြိုင်ပွဲကို ကျင်းပဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး ပြိုင်ပွဲတွင် အလုံမြို့နယ် အမှတ်() အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်သူ (၁၀) ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသူ() ဦးကို တာဝန်ရှိသူ များမှ ဆုများ ချီးမြှင့်သည်။

အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြိုင်ပွဲများ၊ ပြပွဲများ၊ ဟောပြောပွဲများ၊ အသိပညာပေး ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်တင်ချို(ပြန်/ဆက်)