ဘူးသီးတောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မဈေးကြီးရှေ့၊ ဈေးဆိုင်ခန်းများအား မြေပြင် ကွင်းဆင်း စစ်ဆေး

ဘူးသီးတောင် အောက်တိုဘာ ၂၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မစည်ပင်သာယာဈေးကြီးရှေ့၊ ဈေးဆိုင်ခန်းများအား ယမန်နေ့ နံနက်၁၀နာရီအချိန်က မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတဦးစီးဌာန၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်သန်းဝင်းဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မစည်ပင်သာယာစျေးရှေ့ စျေးဆိုင်ခန်းများအတွင်း မီးဘေးလုံခြုံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု ရှိ/မရှိစစ်ဆေးခြင်း၊ လျှပ်စစ်သွယ်တန်းမှုစနစ်တကျ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဟောင်းနွမ်းနေသော မီးပလပ်/ခလုတ်များအား လဲလှယ်တပ်ဆင်အသုံးပြုကြရန် မှာကြားစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ စနစ်တကျပြင်ဆင်ထားရှိမှု (လေပေါင်)ရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား သွားရောက်အကြံပြု စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှကျော် (ပြန်/ဆက်)