မြောင်းမြခရိုင်တွင် မြတ်မော်တင်စွန်းဘုရား ဘက်စုံပြုပြင်ရန်နှင့်  ​စူဋ္ဌဘွဲ့နှင်းသဘင် အခမ်းအနားအတွက် အလှူငွေပေးအပ်ပွဲကျင်းပ

မြောင်းမြ အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ​မြောင်းမြခရိုင်၊ မြောင်းမြမြိ၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြတ်မော်တင်စွန်းဘုရား ဘက်စုံပြုပြင်ရန်အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြောင်းမြခရိုင်ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် မြတ်မော်တင်စွန်းဘုရား ဘက်စုံပြုပြင်ရန်အတွက်  ဦးဝင်းလွင်+ ဒေါ်ချိုမာလွင်  (အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ) (သစ်လွင်အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး) မိသားစုက အလှူငွေ ကျပ်သိန်း (၅၀)၊ ဦးမျိုးအောင် Ever Meter Co.Ltd မိသားစုက အလှူငွေ ကျပ်သိန်း(၅၀)တို့ကို ပေးအပ်လှူဒါန်းရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပါသည်။ မြောင်းမြခရိုင်အတွင်းရှိ  ဌာနဆိုင်ရာများ စုပေါင်းအလှူငွေကျပ် (၁၈)သိန်းကို မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများကပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်() ဒုတိယဗိုလ်မှူးကြီး ထက်အောင်က လက်ခံရယူပါသည်။

ဆက်လက်ပြီး စူဋ္ဌဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များအား ဂုဏ်ပြုချီးကျူးပူဇော်နိုင်ရေးအတွက် ဦးစိုးဝင်း+ ဒေါ်အေးအေး မိသားစုမှ အလှူတော်ငွေကျပ် (၃၀)သိန်းကို ပေးအပ်လှူဒါန်းရာ စူဋ္ဌဘွဲ့နှင်းသဘင်အခမ်းအနား ဘဏ္ဍာရှာဖွေရေး ဆပ်ကော်မတီမှ  လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ချီးမြှင့်ပါသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းအနားကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)