လှည်းကူး အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနက၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးတစ်ဧကတင်း ၁၀၀ အထွက်နှုန်းရရှိရေး ၈၀ ဧကစံပြကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်(၉)နာရီက မင်းလွင်ကုန်းကျေးရွာအုပ်စုကွင်းအမှတ်(၁၀၁၇/ခ) တောင်သူဒေါ်ဇာခြည်စိုး၏လယ်၌ ကျင်းပပြုလုပ်သည်။
ထိုသို့ရိတ်သိမ်းရာတွင် မိုးစပါးစိုက်ဧက ၈၀ ဧကမှ တစ်ဧကလျှင်ပျှမ်းမျှ အထွက်နှုန်းအစို ၁၀၁ ဒသမ ၁ တင်း၊ အခြောက် ၉၃ တင်းထွက်ရှိကြောင်း သိရသည်။
အဆိုပါမိုးစပါးစံပြကွက်ရိတ်သိမ်းရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့်နှင့်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေအောင်နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးစန်းအောင်နှင့်ဝန်ထမ်းများနှင့် မြို့နယ်စိုက်ကြပ်အဖွဲ့များ၊ တောင်သူများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)