ကျောက်မဲမြို့နယ်တွင် မော်တော်ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများအားလုံး အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်မောင်းနှင်ရေး အသိပညာ‌ပေး ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် မော်တော်ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများအားလုံး အသက်ကယ်ထိုင်ခုံ ခါးပတ်ဝတ်ဆင် မောင်းနှင်ရေး အသိပညာ‌ပေးဆွေးနွေးပွဲကို ယမန်‌နေ့မွန်းလွဲ ၃နာရီက ကျောက်မဲခရိုင် ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့ အမှတ်(၁၈/၁၉) ရပ်ကွက်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့​မှ ဦးဆောင်၍​ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဥ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဖျာပုံမြို့ အမှတ်(၁၈/၁၉) ရပ်ကွက်များအတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံ၍ ရပ်ကွက်လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ သက်သာသော စျေးနှုန်းဖြင့် ဆန်နှင့်ဆီများ ရောင်းချပေးခြင်းတို့ကို အောက်တိုဘာလ (၂၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်က၊ အမှတ်(၁၈/၁၉)ရပ်ကွက်ရှိ ရပ်ကွက်ဓမ္မာရုံများတွင် ကျင်းပပြုလုပ်သည်။

မိုင်းပျဉ်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၁ နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေး နှိုးဆော်ခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြို့ပေါ်ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်မှုလျှော့နည်းစေရန်၊ အများပြည်သူများ နေ့စဉ်သတိရှိစေရန် ယမန်နေ့ညပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်(၃)ခုတွင်းရှိ လမ်းဆုံလမ်းခွနေရာများ၊ လမ်းများတွင် လိုက်လံအသိပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည်တက္ကသိုလ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ နေ့သင်တန်းများ ကျောင်းဝင်မှတ်ပုံတင်ခြင်း စတင်လက်ခံဆောင်ရွက်

ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန ပြည်တက္ကသိုလ်တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ နေ့သင်တန်းများအတွက် ကျောင်းဝင်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စတင်လက်ခံဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်တက္ကသိုလ်‌ သင်တန်းရေးရာဌာနမှူးထံက သိရသည်။ 

ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲနှင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြု

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ မင်းပိုင်း ရပ်ကွက်၊ မြူရုံးလမ်းရှိ “ရွှေခယ်သီရိ”ခန်းမတွင် မြို့နယ်အဆင့် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲနှင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုပွဲပြုလုပ်ရာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်ပညာရေးမှူး ဦးစသိန်းကျော်၊ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်နှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ် ဆရာ/ ဆရာမကြီးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်းအင်အား (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်၊ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်နှင့် စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ဓမ္မအသိဖြင့်ဘဝမြှင့်တင်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

ဗန်းမော်ခရိုင်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် တစ်သိန်းစီ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၁)သိန်းစီကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ဗန်းမော်မြို့နယ်ရှိ သက်ကြီးဘိုးဘွားများထံ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့နံနက်(၈:၃၀)အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အခြေခံစားသောက်ကုန် လာရောက်ဝယ်ယူကြသော ပြည်သူများ၊ လမ်းသွားလမ်းလာခရီးသွား ပြည်သူများ နေအိမ်မှ ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေးရည်ရွယ်၍ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။
Subscribe to