အလက(မြို့မ)ကျောင်း၌ နယ်လှည့်အသိပညာပေး ဟောပြောခြင်း၊ ဓါတ်ပုံပြပွဲ၊ နံရံကပ်စာစောင် ပြသခြင်းနှင့် စာအုပ်စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းမှုဖြင့် ကျောင်းသူ၊ ကျောင်းသားများ အသိပညာ ဗဟုသုတများ တိုးပွားလာစေရေးအတွက် နယ်လှည့်အသိပညာပေး ဟောပြောခြင်း၊ ဓါတ်ပုံပြပွဲပြသခြင်း၊ နံရံကပ် စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်ပြသခြင်းများကို ယမန်နေ့မွန်းလွဲ (၁)နာရီက ပူတာအိုမြို့ မြို့မရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။