ဒဂုံမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ဒဂုံ       အောက်တိုဘာ      ၂၈             

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူများ စာပေဗဟုသုတတိုးပွားပြီး စာဖတ်သည့်အလေ့အထများဖြစ်ပေါ်လာစေရန် အတွက်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက  အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒဂုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာက ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ ဒဂုံမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၅၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  ဆုရရှိသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကြည်ဇေသော်