ကန်ကြီးထောင့်မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းနေမှု တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာရှိ ကွင်းအမှတ်(၁၈၆/c)၊ ဦးပိုင်အမှတ် ၄/စ ရှိတောင်သူ ဦးချစ်ထွေး စိုက်ပျိုးလုပ်ကိုင်သည့် မိုးစပါး (မှော်ဘီ ၂ မျိုး) စိုက်ခင်းတွင် မိုးစပါးရိတ်သိမ်းနေမှုနှင့် ကွင်းယားကြီးကျေးရွာရှိ တောင်သူ ဦးမျိုးမင်း ပိုင်ဆိုင်သော မိုးစပါး (ဆင်းသုခ) စံပြစိုက်ခင်းတွင် မိုးစပါးစံကွက်အား စပါးရိတ်ခြွေစက်ဖြင့် ရိတ်သိမ်းနေမှုတို့ကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိများ လာရောက်ကြည့်ရှုခဲ့ကြသည်။