ရွှေကူမြို့ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စိတ်ကြိုက်စာပေ စာဖတ်ဝိုင်းပြုလုပ်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူများ(Book Club) အဖွဲ့ဝင်များပူးပေါင်း၍ စိတ်ကြိုက်စာပေ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။