ငွေဆောင်မြို့၊ မြို့မစျေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးတွင် ပူပြင်းသော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် စျေးသူ၊ စျေးသားများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးကောင်းပြည့်စုံနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး သရုပ်ပြဇာတ်တိုက်​လေ့ကျင့်မှုအား ယမန်နေ့နံနက် ၁၀နာရီမှ ၁၁နာရီအချိန်ထိ ဆောင်ရွက်ခဲ့ကြသည်။

ကော့သောင်းမြို့တွင် လမ်းထွက်သွားလာနေကြသူများအား မဖြစ်မနေနှာခေါင်းစည်းတပ်ဆင် ကြရေး လှုပ်ရှားမှုများ ဆောင်ရွက်

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ပြည်တွင်း ကူးစက်မှုပြန်လည်ဖြစ်ပွားလာနေကြောင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကူးစက်မှုထိန်းချုပ်နိုင်ရေးခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် လမ်းထွက်သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှတပ်ဆင်ပေးသည့် လှုပ်ရှားမှုတစ်ရပ်ကို ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်အဆင့်စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်အဆင့်စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း (ဝမ်းတွင်း) ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ်၌ လမ်းဘေးဈေးရောင်းချ ဈေးသည်များ Mobile System ဘီးတပ်တွန်းလှည်း စနစ်ဖြင့် ရောင်းချရေး ကြီးကြပ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လမ်းဘေးဈေးရောင်းချ ဈေးသည်များ Mobile System ဘီးတပ်တွန်းလှည်းစနစ်ဖြင့် စည်ကမ်းလိုက်နာ ရောင်းချရေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က စည်းကမ်းထိန်းသိမ်ရေးအဖွဲ့တို့က ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်ကြသည်။

ကလေးမြို့တွင် တန်ဖိုးမြင့်စားသောက်ကုန် Bakery ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တန်ဖိုးမြင့် စားသောက်ကုန် Bakery ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေး နံရပ်ကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်ဆွယ်ပွတ်ရပ်ရှိ မဟာဂန္ဓာရုံဘုန်တော်ကြီးသင်ပညာကျောင်းတွင် ယမန်နေ့နေ့လယ်(၃)နာရီအချိန်က နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် မိုးညိုမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်‌မှုအားကြည့်ရှု

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ယမန်နေ့ နံနက် ၁၁:၄၅ အချိန်တွင် ရောက်ရှိခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ကြိုဆိုခဲ့ကြသည်။

မြို့သစ်မြို့နယ်မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားကုန်များ ထောက်ပံ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အခြေခံလူတန်းစား အိမ်ထောင်စု(၅၀၀)စုအတွက် စားကုန်များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေ (၄) နာရီအချိန်က မြို့သစ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမတွင် ပြုလုပ်ခဲ့သည်။

နတ်မောက်မြို့၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့မရဲစခန်းရှေ့တွင် ပြုလုပ်ခဲ့သည်။

စစ်တွေမြို့တွင် လျှပ်စစ်ရေနွေးအိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

စစ်တွေမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အကွက်(၁၂) တွင် ယမန်နေ့နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
Subscribe to