ကော့သောင်း အောက်တိုဘာ ၃၁
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ပြည်တွင်း ကူးစက်မှုပြန်လည်ဖြစ်ပွားလာနေကြောင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကူးစက်မှုထိန်းချုပ်နိုင်ရေးခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် လမ်းထွက်သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှတပ်ဆင်ပေးသည့် လှုပ်ရှားမှုတစ်ရပ်ကို ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများအား ကဏ္ဍစုံမှ လှုပ်ရှားဆောင်ရွက် လျှက်ရှိရာ မြို့နေပြည်သူများ လမ်းထွက်ပါက နှာခေါင်းစည်းများတပ်ဆင်ကြရေး ကျယ်ကျယ်ပြန့်ပြန့်အသိပေးထားပြီးဖြစ်ရာ ပြည်သူအများစုနှာခေါင်းစည်း တပ်ဆင်ကြသော်လည်းစည်းကမ်းမလိုက်နာသူ ပြည်သူတစ်ချို့ကြောင့် ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး ယခုကဲသို့ မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီး ဌာနနှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ကြက်ခြေနီတပ်ဖွဲ့များ၊ NGOအဖွဲ့များပူးပေါင်းကာလမ်းထွက်သွားလာနေသူများကို ပါးစပ်နှာခေါင်းစည်း ဝေငှတပ်ဆင်ပေးသည့် လှုပ်ရှားမှုလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)