စေတုတ္တရာမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက်(၉:၀၀)နာရီအချိန်က အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

စဉ့်ကူးမြို့နယ်တွင် (၂၄)ကြိမ်မြောက် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော (၂၄)ကြိမ်မြောက် ဌာနဆိုင်ရာများစုပေါင်းမဟာ ဘုံကထိန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက စဉ့်ကူးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အင်္ဂပူမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်(၁၀)နာရီက တလိုင်းကွင်းကျေးရွာအုပ်စု၊ သပြေတုန်းလဲကျေးရွာရှိ တောင်သူဦးမြင့်နိုင်၊ ကွင်းအမှတ်(၈၄၀)၊ ဦးပိုင်အမှတ်(၂၄/၁)ရှိ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ရာ တစ်ဧကလျှင်စပါးအစိုတင်း (၁၃၉.၇၀)နှုန်းထွက်ရှိခဲ့သည်။

ကွမ်းလုံမြို့၌ ကျောင်းကြက်ခြေနီ အခြေခံရှေးဦးပြုစုနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ကျောင်းကြက်ခြေနီ အခြေခံရှေးဦး ပြုစုနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က ကွမ်းလုံမြို့နယ်အခြေခံပညာအထက်တန်းကျောင်းရှိ သံလွင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယမြို့နယ်ပညာရေးမှူးဦးဝဏ္ဏမြင့်နှင့် ကျောင်းအုပ်ဆရာကြီးဦးအောင်ကျော်စိုး၊ ကွမ်းလုံမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစောသန်းလွင်နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

နတ်မောက်မြို့ပေါ် (၇)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၅၀၀)စုအား စားကုန်များ ထောက်ပံ့ပေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နတ်မောက်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု (၅၀၀)စုအား စားကုန်များထောက်ပံ့ပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ စုရပ် များတွင် အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

ကော့သောင်းခရိုင်နှင့် မြို့နယ်ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်အလှူတော်ကျင်းပ

ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် ကော့သောင်းခရိုင် နှင့် မြို့နယ် ဝန်ထမ်းပေါင်းစုံ (၂၈)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန် အလှူတော်အား ယနေ့ နံနက် ၉ နာရီက၊ ပြည်တော်အေးစေတီတော်၊ သာသနာ့ဗိမ္မာန်တော်တွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ သည်။

မိတ္ထီလာ၌ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မိတ္ထီလာမြို့၌ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က  အထက ၁ တွင် ကျင်းပကြောင်းသိရသည်။

တောင်ကြီးမြို့၌ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် ထုတ်လွှင့်ပေးလျက်ရှိရာတောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ဘက်စုံသုံးခန်းမတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ပူးပေါင်း၍ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေး Talk Showကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။

နာဂဒေသ လဟယ်မြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်နှင့် ဒေသခံပြည်သူ/ ဌာနဆိုင်ရာ၀န်ထမ်းများတွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဒေသခံပြည်သူများ၊ ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁၄:၀၀)နာရီအချိန် လဟယ်မြို့ နာဂရိုးရာယဉ်ကျေးမှုပြတိုက်ခန်းမ၌ ကျင်းပပါသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ် လည်နေ့ကို ကြိုဆိုသောအားဖြင့် မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် ယနေ့ နံနက် ၈ နာရီအချိန် မြို့ဦးရွှေစည်းခုံစေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
Subscribe to