ကျိုက်လတ်၌ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် ကျောက်တံခါးမြို့နေ အထက်တန်းပြ ဆရာမကြီး(ငြိမ်း) ဒေါ်သန်းတိုးနှင့် မိတ်ဆွေများစုပေါင်း၍ မတည်လှူဒါန်းသော စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယနေ့နံနက်ပိုင်းက အမှတ်(၃) ရပ်ကွက်၊ (၈)ဖြတ်လမ်းရှိ ပစ္ဆိမာရုံမဟာရွှေကျင်ကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။