သာပေါင်းမြို့နယ်၌ လမ်းဘေးဈေးရောင်းချ ဈေးသည်များ Mobile System ဘီးတပ်တွန်းလှည်း စနစ်ဖြင့် ရောင်းချရေး ကြီးကြပ်စစ်ဆေး

သာပေါင်း အောက်တိုဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လမ်းဘေးဈေးရောင်းချ ဈေးသည်များ Mobile System ဘီးတပ်တွန်းလှည်းစနစ်ဖြင့် စည်ကမ်းလိုက်နာ ရောင်းချရေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က စည်းကမ်းထိန်းသိမ်ရေးအဖွဲ့တို့က ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်ကြသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်နှင့် ဝန်ထမ်းများက
လမ်းဘေးစျေးရောင်းချ ဈေးသည်များ စည်းကမ်းလိုက်နာဆောင်ရွက်ရေး အခြေအနေများအား စည်းကမ်းထိန်းအဖွဲ့တို့မှ ကမ်းနားလမ်းဘေးဝဲ/ ယာ ကွမ်းယာဆိုင်များ၊ သစ်သီးဆိုင်များနှင့် အခြားဆိုင်များအား Mobile System ဘီးတပ်တွန်းလှည်းစနစ်ဖြင့် လိုက်နာရောင်းချမှုရှိ‌ရေး ကြပ်မတ်စိစစ် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)