နတ်မောက် အောက်တိုဘာ ၃၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့မရဲစခန်းရှေ့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးနေဇော်ဟိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ကိုကိုနှင့် ရဲတပ်ဖွဲ့ဝင်များတို့က ဒေသခံပြည်သူများအား ယာဉ်အန္တရာယ်လမ်းအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မြို့တွင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်များ၊ ကားကြီး၊ ကားငယ်များ အရှိန်ပြင်းစွာမမောင်းကြစေရေန် ယာဉ်မောင်းလာသူများအား ရှင်းလင်းပြောကြားခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန် အပြင်ထွက်လာတိုင်း နှာခေါင်းစည်း (Mask) မပါရှိသူများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများက (Mask) များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း