ကလေးမြို့တွင် တန်ဖိုးမြင့်စားသောက်ကုန် Bakery ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

ကလေး အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တန်ဖိုးမြင့် စားသောက်ကုန် Bakery ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကလေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက်  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှုးနှင့် တာဝန်ရှိသူများမှ သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းတွင် လက်တွေ့ ထုတ်လုပ်ထားသည့် ကုန်ချောပစ္စည်းများကို ပေးအပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ သင်တန်းသား သင်တန်းသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အပြင်ဖျော်ရည်၊ ယိုအမျိုးမျိုးနှင့် ကိတ်မုန့်၊ ပေါင်မုန့်သင်တန်းများ၊ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံသံဂဟေဆက်သင်တန်းနှင့် အခြားစက်မှုလက်မှုနှင့် ဆိုင်သောသင်တန်းများကို အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကလေး(ပြန်/ဆက်)