မြို့သစ်မြို့နယ်မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားကုန်များ ထောက်ပံ့

မြို့သစ် အောက်တိုဘာ ၃၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အခြေခံလူတန်းစား အိမ်ထောင်စု(၅၀၀)စုအတွက် စားကုန်များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေ (၄) နာရီအချိန်က မြို့သစ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက စားကုန်များထောက်ပံ့ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့် စားကုန်များကို မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ယူကာ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများကို စားကုန်များဖြစ်သည့် ဆန်(၁)ပြည်၊ ဆီ(၄၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ကုလားပဲ(၂)ဗူးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ယူ၍ အိမ်ထောင်စု(၅၀၀)စုအတွက် စားကုန်ပစ္စည်းများအား လက်ဝယ်အရောက် ပေးအပ်ခဲ့ရာ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား(၅၀၀)ဦးက လက်ခံယူခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း( ပြန်ဆက်)