အမရပူရ အောက်တိုဘာ ၃၁
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်ဆွယ်ပွတ်ရပ်ရှိ မဟာဂန္ဓာရုံဘုန်တော်ကြီးသင်ပညာကျောင်းတွင် ယမန်နေ့နေ့လယ်(၃)နာရီအချိန်က နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုရန်၊ အားလပ်ချိန်များတွင် စာပေများ လေ့လာနိုင်ရန် မိမိရုံးရှိစာကြည့်တိုက်တွင် အသင်းဝင်ပြီး စာအုပ်များ အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ကြောင်း ပြောကြားသည်။ ထို့နောက် စာကြည့်တိုက်တာဝန်ခံ ဒေါ်သန္တာထွန်းက နံရပ်ကပ်စာစောင်နှင့် စာအုပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)