သာယာဝတီမြို့တွင် ကျောင်းကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ကြက်ခြေနီအသင်းမှ ကြီးမှူးဖွင့်လှစ်သော ကျောင်းကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သုံးဆယ်မြို့ အခြေခံပညာအထက်တန်းကျောင်း (ပီမိုးနင်း) ခန်းမ၌ ကျင်းပခဲ့သည်။