ပေါက်ခေါင်းမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်‌ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိ

ပေါက်ခေါင်း မတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ယိမ်းအကအဖွဲ့များက ယနေ့ နံနက်ပိုင်းမှစ၍ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ယိမ်းအဖွဲ့များက မဟာသင်္ကြန်ကာလတွင် ဗဟိုမဏ္ဍပ်၌ကျင်းပမည့် ယိမ်းအကပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည်ဖြစ်ရာ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်များမှ ယိမ်းအကအဖွဲ့များနှင့် ဌာနဆိုင်ရာယိမ်းအကအဖွဲ့များက သက်ဆိုင်ရာရပ်ကွက်များ၌ အဖွဲ့အလိုက်ယိမ်းအကတိုက်ခြင်းများဆောင်ရွက်လျက်ရှိပြီး သက်ဆိုင် ရာကျောင်းများမှ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)