ကော့သောင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေး၊ စွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်

ကော့သောင်း မတ် ၃၀

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို  ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့် Book Club အဖွဲ့ဝင်များက "စာဖတ်ခြင်းအလေ့အထ ပြုစုပျိုးထောင်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ သိသင့်သိထိုက်သည့် ဗဟုသုတရစရာအကြောင်းအရာများ အသိပညာပေးဟောပြောခဲ့ပြီး သုတ/ရသ စာအုပ်စာစောင်ပြပွဲများ၊ Mini Museum ပြခန်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ စွန့်ပစ်အမှိုက်များစီမံခန့်ခွဲမှုဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူငယ်များသိသင့်သိထိုက်သည့် နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာခဲ့ကြပြီး ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ရုပ်ပုံ/စာတွဲပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)