မင်းတုန်းမြို့‌ အမှတ်(၄)ရပ်ကွက်ရှိ ကွင်းအမှတ်(၃၂၉)တွင် မိုးစပါးစံကွက် ရိတ်သိမ်း

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ အမှတ်(၄)ရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီက မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများက မိုးစပါး စံကွက် ရိတ်သိမ်းရာ ကွင်းအမှတ် (၃၂၉)ရှိ တောင်သူ ဦးတာရဲ၏ လယ်တွင် မှော်ဘီ(၂) တစ်ဧကအထွက်နှုန်း အစိုထွက် ၄၂.၉၇ တင်းနှင့် တောင်သူ ဦးစိုးလှိုင်၏လယ်တွင် ဆင်းသုခ တစ်ဧကအထွက်နှုန်း အစိုထွက် ၉၄.၆၉ တင်း ထွက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ အားကစားသမားဟောင်းများအား သက်ကြီးပူဇော်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့‌ပေါ်ရှိ သက်ကြီးအားကစားသမားများအား ပထမအကြိမ်မြောက် ပူဇော်ကန်‌တော့ပွဲကို ယမန်နေ့ညနေ ၃ နာရီက အားကစားနှင့် ကယပညာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပျော်ဘွယ်မြို့နယ် ပညာရေးမှူးရုံးမှ ဦးဆောင်၍ ဆရာ၊ ဆရာမများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆည်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့်  1000LPH ရေသန့်စက်နှင့် ရေသန့်စက်ရုံ တည်ဆောက်ပြီးစီး၍ ဒေသခံပြည်သူများအား သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိ

မိတ္ထီလာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့်  1000LPH ရေသန့်စက် (RO Sydtem) နှင့် ရေသန့်စက်ရုံတည်ဆောက်ပြီးစီး၍ ဒေသခံပြည်သူများအား သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိပြီဖြစ်ကြောင်း ကျေးရွာရေကော်မတီဥက္ကဌ ဦးသန်းထိုက် ထံမှ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၊ အလယ် တန်းကျောင်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာ ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ​ရွှေဘိုမြို့ အမှတ်(၂)အ​​ခြေခံပညာ အထက်တန်း​ကျောင်း​ ရွှေရတု ခန်းမ၌ ကျင်းပခဲ့သည်။

မိုးမိတ်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ  ကွင်းဆင်းဆွေးနွေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်  ရွှေဇာလီကျေးရွာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍  လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်စေရန် အားကစားနည်းများ လေ့ကျင့်သင်ကြားပေး

ကျောင်းသား၊ ကျောင်းသူများကို ပညာရေးတွင် ထူးချွန်ရုံသာမက အားကစားတွင်လည်း ထူးချွန်ထက်မြက်သည့် ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ်၌ မြို့နယ်ချေးငွေလုပ်ငန်း အကြံပေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်ချေးငွေလုပ်ငန်း အကြံပေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွေ့ဆုံပွဲကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to