ကရသူရိမြို့တွင် ကွမ်းသီးခြံပိုင်ရှင်များ ဈေ‌ကောင်းရရှိရန်မျှော်မှန်း

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒေသခံများသည် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးခြင်းဖြင့်   အသက်မွေးဝမ်းကြောင်းကို ပြုလုပ်လျက်ရှိရာ  ယခုလ ပထမအပတ်မှစပြီး ကွမ်းသီးဈေးနှုန်း တစ်ဟုန်းထိုးကျဆင်းလာ၍ ဈေးကောင်းပြန်လည်ရရှိရန် ကွမ်းခြံပိုင်ရှင်များ မျှော်မှန်းလျက်ရှိသည်။

မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေးခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။

ဇလွန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းကာ စားသုံးသူရေးရာအသိပညာပေး ဆွေးနွေးပွဲ Talk Show ကိုယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပလင်းကမ်းသာယာ ဆင်စခန်းရှိ ဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Online မှ တစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု (၅၁၅)ကြိမ်ရှိလာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှ တစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေး ကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။

ကျောက်တလုံးကြီးမြို့တွင် Mobile Library  စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဒုတိယဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်နှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာဝန်ထမ်းများ  စာအုပ်စာစောင်များကို အလွယ်တကူ ဖတ်ရှုနိုင်စေရန်အတွက်    ယနေ့ နံနက် ၁၀ နာရီခန့်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။

တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲဖွင့်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လားရှိုးပညာရေးဒီဂရီကောလိပ်က ဖွင့်လှစ်သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ  အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က လားရှိုးမြို့ ပညာရေးဒီဂရီကောလိပ်ရှိ ပညာရတနာခန်းမတွင် ကျင်းပသည်။

မချမ်းဘော့၌ မိုးစပါးစံကွက် ရိတ်သိမ်းရာ တစ်ဧက ၁၁၈ တင်းထွက်ရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု နှစ် ပူတာအိုခရိုင် ဒေသဝမ်းစာဖူလုံရေးအတွက် မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ်စံပြကွက် ရိတ်သိမ်းပွဲကို ယနေ့နံနက် ၁၀နာရီက မြို့မရပ်ကွက် (၄) တောင်သူ ဦးရမ်ဆိုင်း၏ လယ်မြေ၊ OSSကွင်း ၊ ဦးပိုင်အမှတ်( ၁ ) စိုက်ဧက (၃)ဧကတွင် ကွင်းဆင်းရိတ်သိမ်းခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် အနောက်သာဂရကျေးရွာ အခြခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (၂)ထပ် ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အနောက်သာဂရကျေးရွာ အခြေခံပညာအထက်တန် ကျောင်း(ခွဲ)၌ ကျောင်းဆောင်သစ်လိုအပ်မှုအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနစ်တွင် (၂)ထပ်ကျောင်းဆောင် အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ စာအုပ်/စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ သွားရောက်၍ စာအုပ်/စာစောင် များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လေးမျက်နှာမြို့နယ် ကျက်သရေဆောင် သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိစေတီတော် ၏ အရှေ့မြောက်ထောင့်ဗောဓိပင်အား ပုလ္လင်တော်ဆောက်လုပ်ရန် ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျက်သရေဆောင် သံသရာ ငြိမ်းအေးစတုမုခဇေယျ သိဒ္ဓိစေတီတော်၏ အရှေ့မြောက်ထောင့် ဗောဓိပင်အား ပုလ္လင်တော် ဆောက်လုပ်ရန် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်း၌ အဆိုပါဗောဓိပင်တွင် ပြုလုပ်ခဲ့သည်။
Subscribe to