ကမာရွတ်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ရာ ကမာရွတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂ ဦးအောင်သန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးအောင်၊ မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးစိုးမင်းအောင်၊ ခရိုင်ပညာရေးမှုး၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတို့မှ ဟောပြောပေးခဲ့ပါသည်။