အမ်းမြို့နယ်၌ ယာဉ်မတော်တဆမှု လျော့နည်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း  ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင် သွားလာနိုင်စေရေး အတွက် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ ညနေ (၃)နာရီအချိန်က အထက(၁) ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့​သည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က (၇)မိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များ အသိပညာပေး လိုက်လံကြော်ငြာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေး လိုက်လံကြေညာခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေနှင့် စပ်လျဉ်းသည့်အခွန်ရှောင်တိမ်းမှုများအား ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ် အခွန်ဦးစီးဌာနက ဖွင့်လှစ်သည့် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင် ခြေနှင့်စပ်လျဉ်းသည့် အခွန်ရှောင်တိမ်းမှုများအား ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကွမ်းခြံကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ကစာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ပြိုင်သမျှအနိုင်ရမှစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့တွင် မိဘပြည်သူများသို့ အသိပေးကြေညာခြင်း (Talk Show) ကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးအနေဖြင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မိဘပြည်သူများသို့ အသိပေးကြေညာခြင်း (Talk Show) ကို ယနေ့နံနက် (၁၀)နာရီက မုံရွာခရိုင် လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပခဲ့သည်။

တောင်သာမြို့ အမှတ်(၂) အခြေခံပညာ မူလတန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

တောင်သာမြို့မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေး ရာ အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ နံနက်  (၁၀) နာရီ အချိန်က အမှတ်(၂) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။                                                                                  

မိုင်းဆတ်မြို့၌ မြေဆီလွှာညစ်ညမ်းမှုကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာ နတို့ ပူးပေါင်း၍ မြေဆီလွှာညစ်ညမ်းမှု ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းဆိုင်ရာ အသိပညာပေးစာစောင်များ ဖြန့်ဝေ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော  ကတ်ပြားများကို ပြုလုပ်ပေးလျက်ရှိရာ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေသည့် အခြေအနေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်
Subscribe to