မိုးမိတ်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ  ကွင်းဆင်းဆွေးနွေး

မိုးမိတ် နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်  ရွှေဇာလီကျေးရွာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သော ကျေးလက်လမ်း၊ ကုန်ထုတ်လမ်း၊ တံတားများနှင့် ဆည်မြောင်းများ ပြုပြင်ဆောင်ရွက်ရသည့် အကြောင်းအရာများ မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဟောပြောခြင်းများ၊ နယ်မြေဒေသအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိစ္စရပ်များအပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခြင်းနှင့်  အိမ်ထောင်စုစာရင်းများဆောင်ရွက်ပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးတို့အတွက် ဆွေးနွေးဟောပြောခဲ့ကြပြီး ဒေသခံမိဘပြည်သူများ၏ တင်ပြချက်များကို ပြန်လည်ဖြေရှင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (mask) များ ဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)